mewashingtondcHome » » သာမန်မြန်မာနိုင်ငံကူးလက်မှတ်တန်ဖိုး ပြောင်းလဲသတ်မှတ်ခြင်း အသိပေးကြေညာချက်

သာမန်မြန်မာနိုင်ငံကူးလက်မှတ်တန်ဖိုး ပြောင်းလဲသတ်မှတ်ခြင်း အသိပေးကြေညာချက်

မြန်မာသံရုံး၊ ဝါရှင်တန်မြို့သည် အမေရိကန်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် (MRP) များအား ကျသင့်ငွေ အမေရိကန်ဒေါ်လာ (၂၅) ဒေါ်လာ ကောက်ခံ၍ ထုတ်ပေးလျက်ရှိပါသည်။

ယခုအခါ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်မှစတင်၍ သာမန်  မြန်မာ နိုင်ငံကူးလက်မှတ်  (MRP) ပုံစံအသစ်များအား ပြောင်းလဲထုတ်ပေးသွားမည် ဖြစ်ပါသဖြင့် သတ်မှတ် နှုန်းထားဖြစ်သည့် တစ်အုပ်လျှင်   အမေရိကန်ဒေါ်လာ(၃၅)ဒေါ်လာသို့ တရားဝင်ပြောင်းလဲကောက်ခံသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းလွန်ဒဏ်ကြေး၊ စာအုပ်ပျောက်ဆုံးမှု ဒဏ်ကြေးတို့မှာ မူလနှုန်းထားအတိုင်း ဆက်လက်ကောက်ခံသွားမည်ဖြစ်ပါကြောင်းလည်း အသိပေးကြေညာအပ်ပါသည်။

မြန်မာသံရုံး၊ ဝါရှင်တန်မြို့

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ  ၆  ရက်