mewashingtondcHome » » Announcement to Travelers Entering Myanmar through International Airports, Seaports and through Cross Border Points of Entry (POEs) to submit Health Declaration Form (22 August 2024)

Announcement to Travelers Entering Myanmar through International Airports, Seaports and through Cross Border Points of Entry (POEs) to submit Health Declaration Form (22 August 2024)

Following the declaration of Mpox as Public Health Emergency of International Concern (PHEIC) by the World Health Organization (WHO) on 14 August 2024, all travelers entering Myanmar through International Airports, Seaports and Cross Border Points of Entry (POEs) are required to submit duly-filled Health Declaration Form issued by the Ministry of Health of Myanmar, upon arrival to Myanmar, with effect from 22 August 2024. The said form can be downloaded here.

 

အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံသို့  ဝင်ရောက်မည့် ခရီးသွားများ ကျန်းမာရေးကြေညာချက်ပုံစံ ဖြည့်စွက်ရမည်ဖြစ်ကြောင်း ကြေညာချက်

 (၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ၁၄-၈-၂၀၂၄ ရက်တွင် ကြေညာခဲ့ရာ အပြည် ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်များမှတစ်ဆင့် ၂၂-၈-၂၀၂၄ ရက်မှ စတင်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပခရီးသွားများအနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးကြေညာချက်ပုံစံ (Health Declaration Form) တွင် ပြည့်စုံစွာ ဖြည့်စွက်၍ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် တင်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ် ပါသည်။ အဆိုပါပုံစံကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။